homeblogsThree Habits for a Successful Coder

Three Habits for a Successful Coder

လုပ်သလောက် အရာမရောက်ဘူးဆိုပြီး ဆိုတဲ့သူတွေနဲ့ အခုမှ programing ကိုစလေ့လာမဲ့သူတွေအတွက် ရည်ရွယ်ပြီး ရေးသားရခြင်းဖြစ်ပါတယ်။

avator

CODE HUB

Posted Jan 31, 2024

Tips Beginners Habbit
Three Habits for a Successful Coder

ကဲ… အရိုးရှင်းဆုံးအရာသုံးခုနဲ့ပဲ စလိုက်ကြတာပေါ့။

LEARN ( သင်ယူပါ )

အဆက်မပြတ်သင်‌ယူနေတာ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က တွေ့တာ လိုက်သင်နေရုံနဲ့ မရပါဘူး။ ကိုက ဘာကို ဝါသနာပါလဲ ဘာဖြစ်ချင်တာလဲဆိုတာကို သိရပါမယ်။ ဖြစ်ချင်တာသိပြီဆို‌ရင်တော့ ပထမဆုံး roadmap တစ်ခုကို စဆွဲပါ။ roadmap တွေ စုပေးထားတဲ့ website ကိုလဲ အောက်မှာ ပြောပြထားတယ်။ ဘယ်ကနေစလေ့လာမယ် ဘယ်ဟာပြီး ရင် ဘယ်ဟာဆက်သင်မရယ်ဆိုတာမျိုးပေါ့။ တစ်ဆင့်ချင်း စနစ်ကျ သင်သွားရပါမယ်။ YouTube မှာဆိုလဲတွေ့တဲ့ tutorial ကောက်ကြည့်တာမျိုးထက် comment section ကိုအရင်ဆုံးသွားပြီး ဖတ်ကြည့်ပါ။ review တွေ တွေ့ရမှာ ဖြစ်ပါတယ်။ ကိုနဲ့ ကိုက်မယ်ဆိုမှ အာ့ tutorial ကိုကြည့်ပါ။ နောက်တစ်ခုတော့ သင်တန်းတွေ တတ်ကြတာပေါ့။ ဒီနေရာမှာ review ဖတ်တာတွေ like follower များတာတွေကိုပဲ ကြည့်ပြီး တန်းတတ်တာမျိုးကို အားမပေးပါဘူး။ like follower တွေကို ပိုက်ဆံပေးပြီး ၀ယ် boost လို့ရသလို review တွေကိုလဲ ပိုက်ဆံပေးလိုက်ရင် စိတ်တိုင်းကျရေးပေးတဲ့ service တွေရှိတာကြောင့် ကိုတတ်ချင်တဲ့ သင်တန်းကို group တွေထဲမှာ အရင်မေးတာမျိုးက အကောင်းဆုံးပါပဲ။ ( ဂျင်းတွေများနေလို့ သတိပေးရခြင်းဖြစ်ပါတယ်။ )

Roadmap တော်တော်များများစုပေးထားတဲ့ website

CREATE ( ဖန်တီးပါ )

အပေါ်က‌ပြောသလို သင်နေရုံနဲ့‌တင် မပြီးသွားပါဘူး သင်နေတာတွေကို အသုံးချတတ်ရပါမယ်။ တစ်ခုသင်လိုက်တာနဲ့ ကိုသင်လိုက်တာက ဘယ်နေရာမှာ သုံးရမလဲ ဆိုတာကို Project တွေရေးကြည့်မှသာ အသေအချာမြင်နိုင်မှာ ဖြစ်ပါတယ်။ Video တွေလိုက်ကြည့်နေရုံနဲ့ Programmer ဖြစ်မယ်ထင်နေရင်တော့ အမှားကြီး မှားသွားပါမယ်။ အော် ဒီလိုလေးပဲ ဒီတိုင်းမှတ်ထားလိုက်ရင် ရပါတယ်ဆိုတာမျိုး မတွေးပါနဲ့။

SHARE ( မျှဝေပါ )

ဒါက အရေးအကြီးဆုံးပဲ။ ကိုကလေ့လာသင်ယူပြီး ဖန်တီးထားတာတွေကို Community တွေမှာ မျှဝေပါ။ ဖန်တီးထားတာတွေကို တစ်ယောက်ထဲ အလှထိုင်ကြည့်နေတာ လုံးဝမကောင်းပါဘူး။နောက်တစ်ခုက ဒီနိုင်ငံမှာ developer လုပ်တော့မယ်ဆိုတာနဲ့ စလုပ်ကြတာက developer ဆိုတာက တစ်ယောက်ထဲအေးဆေး low profile နေကြတယ်။ ငါလဲ ဆရာကြီးဖြစ်အောင် အာ့လိုနေမှပဲ ဆိုတဲ့အထာ တော်တော်များများမှာ ရှိကြပါတယ်။ ဒါပေမဲ့ ဒီအလေ့အကျင့်က လုံးဝမကောင်းပါဘူး။ ဆိုတော့ ပြန်ဆက်ကြရမယ်ဆိုရင် ကိုလေ့လာပြီး ဖန်တီးထားတာတွေကို Community တွေထဲမှာ ချပြခြင်းအားဖြင့် ကိုဖန်တီးထားတာက တစ်ခုခု လွဲမှားနေတယ်ဆိုလဲ ကို့ထက်ပိုသိတဲ့ စီနီယာတွေရဲ့ လမ်းညွှန်မှုတွေရလာမယ်။ active ဖြစ်နေရင် လူတွေက သတိထားမိလာပြီး အသိအကျွမ်းတွေများလာလိမ့်မယ်။ community ထဲမှာ လူသိလာများလာပြီး network ကျယ်လာပြီဆို အလုပ်အကိုင်ရှားတယ်ဆိုတာလဲ ရှိလာတော့မှာ မဟုတ်ပါဘူး။

တိုင်ပတ်နေတဲ့သူတွေနဲ့ အခုမှစလေ့လာမဲ့သူတွေအတွက် ဒီ Blog လေးက အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ထက် blog တွေမှာ ပြန်တွေ့ကြမယ်။ See You Guys .

ကျွန်တော်တို့ရဲ့ Post တွေကို နှစ်သက်တယ်ဆိုရင် Like & Share လေးတွေ ပေးခဲ့နိုင်ပါတယ်ဗျ။

CodeHub မှ စာသားများနဲ့ပုံများကို မည်သည့်နေရာတွင်မှ ကူးယူဖော်ပြခွင့် မပြုပါ ။

တစ်စုံတစ်ရာ အကြုံပြုလိုပါက

support@codehubmm.com မှဖြစ်စေ

Facebook Page Messenger မှဖြစ်စေ

အကြံပြုရေးသားနိုင်ပါသည် ။

Need help? Email support@codehubmm.com

Copyright © 2023 CODE HUB