homeblogsJob Hunting Tips for Developers

Job Hunting Tips for Developers

ဒီခေတ်ကြီးထဲမှာ အလုပ်အကိုင်ရှာ‌ဖွေနေတဲ့ developer ပေါက်စလေးတွေအတွက် ဒီ Blog လေးထဲမှာ အလုပ်အကိုင်ရှာဖွေနည်း၊ ဘာတွေကိုဘယ်လိုပြင်ဆင်ထားသင့်လဲဆိုဝာာကို ပြောပြပေးထားပါတယ်။

avator

CODE HUB

Posted Nov 23, 2023

Tips
Job Hunting Tips for Developers

ပထမဆုံးအနေနဲ့ကတော့ ကိုယ်က web developer ဆိုတော့ ကိုယ့်အကြောင်း ကိုယ့် skill တွေနဲ့ ကိုယ့်ရဲ့ experience တွေကို ဖော်ပြပေးနိုင်မဲ့ ကိုယ်ပိုင် Website တစ်ခု မဖြစ်မနေရှိထားသင့်ပါတယ်။

Personal Website ( Portfolio Website) တစ်ခုမှာ အဓိကအားဖြင့် ကိုယ့်ရဲ့ Personal Information တွေ, ကိုယ်ရေးခဲ့ဖူးတဲ့ Project တွေ ( Tip: Project တွေဆိုတဲ့ နေရာမှာလဲ ရေးဖူးသမျှ Project တွေအကုန်လုံး ရှုပ်ပွထနေအောင် ပြထားတာမျိုးထက် ကိုယ်အကောင်းဆုံးထင်တဲ့ ကိုယ် Highlights ပြထားတဲ့ Project သုံးလေးခုလောက်ကိုသာ ပြထားတာက ပိုပြီးတော့ ကောင်းပါတယ် ), ပြီးရင်တော့ ကိုယ့်ရဲ့ skills တွေ ( ကိုယ်က ဘယ် language ဘယ် Framework ကို ကျွမ်းကျင်ကြောင်းဘာညာပေါ့ ) ကိုယ့်မှာလုပ်ဖူးတဲ့ Real World Project Experience တွေရှိရင်လဲ ဖော်ပြထားသင့်ပါတယ်။ နောက်ထပ် Contribution တွေရှိရင်လဲ ပြထားပေးသင့်ပါတယ်။ ( Just my opinion: Animation တွေပွထနေတာမျိုးထက် Clean UI UX လေးဖြစ်ရင်တော့ ပိုကောင်းမွန်ပါတယ်။ လုံးဝမပါတာမျိုးလဲ မဟုတ်ဘဲ လွန်လွန်ကြူးကြူးမသုံးသင့်တာကို ပြောတာပါ။ )

ကိုယ့်ရဲ့ GitHub အကောင့် Profile ကိုလဲ သပ်သပ်ရပ်ရပ်ထားထားသင့်ပါတယ်။

နောက်ထပ်တစ်ခုကတော့ အလုပ်တိုင်းရဲ့ အဓိကအသက်ဖြစ်တဲ့ Resume, အလုပ်လျှောက်လွှာ ကောင်းကောင်းတစ်ခု လိုအပ်ပါတယ်။

ဒီနေရာမှာလဲ အလုပ်လျှောက်လွှာကို တစ်ခုထဲ လုပ်ထားပြီး ဘာလျှောက်လျှောက် ဒါကြီးပဲ တင်နေတာထက် ကိုယ် Target ထားတဲ့ Position, ခေါ်တဲ့ Company ရဲ့ Position Requirements တွေနဲ့ ကိုက်ညီကြောင်း Highlights လုပ်ထားတဲ့ Resume တွေကို အသုံးပြုသင့်ပါတယ်။ Frontend Position အတွက် Resume ကို Backend Skill Highlights လုပ်ထားတဲ့ Resume ကြီးနဲ့ လျှောက်ရင်တော့ သေချာပေါက် အငြင်းခံရမှာပါ။

နောက်တစ်ခုကတော့ Community ( Network ) တစ်ခုကို တည်ဆောက်ပါ။

ဘယ် Industry ထဲ၀င်၀င် ဆက်ဆံရေးကောင်းမွန်အောင် နေထိုင်ပါ။ ကိုယ်က Junior ဆိုရင် Senior တွေနဲ့ ခင်မင်အောင် ပေါင်းသင်းပါ။ကိုယ့် Industry community ထဲမှာ Active ဖြစ်အောင်နေပါ။

နောက်ထပ်က LinkedIn profile ကို ကောင်းကောင်းမွန်မွန်လေးထားပါ။ ပြီးရင် ပစ်မထားဘဲ Group တွေကို Join ထားပြီး Community ထဲမှာ Active ဖြစ်အောင်နေပါ။

နောက်ထပ်တစ်ခုကတော့ FB, LinkedIn Group တွေထဲမှာပဲ မရှာဘဲ အလုပ်အကိုင်ရှာဖွေရေး website တွေကို သုံးပြီး ရှာပါ။မြန်မာပြည်မှာလဲ job agency website တွေရှိပါတယ်။ job agency page တွေကိုလဲ follow , see first လုပ်ထားသင့်ပါတယ်။

ဒါတွေက Myanmar Job Agency website တစ်ချို့ပါ။

https://www.jobnet.com.mm/

https://www.myworld.com.mm/

https://vacjobsearch.com/

https://www.jobsinyangon.com/

တစ်ခြားဟာတွေလဲရှိသေးတယ်။ ဒါက ကျွန်တော်လက်လှမ်းမိသလောက်နဲ့ update အဖြစ်ဆုံးကောင်တွေပါ။

Page တွေကတော့ များတာမို့ ကိုယ့်ဘာသာ ရှာကြည့်လိုက်ပါဗျ :3

အလုပ်လျှောက်ပြီးပြီးဆိုရင်တော့ ကိုယ်အလုပ်လျှောက်မဲ့ ကုမ္ပဏီအကြောင်းကို လေ့လာထားသင့်ပါသေးတယ်။

Interview မှာ ဘာတွေမေးတတ်လဲ။ Coding Test တွေဘာတွေရှိမလဲဆိုတာကိုတီးခေါက်ထားသင့်ပါတယ်။

Support with like and share See less

Need help? Email support@codehubmm.com

Copyright © 2023 CODE HUB