homeblogsTop 7 CSS Animation Libraries

Top 7 CSS Animation Libraries

ဒီနေ့မှာတော့ Admin ကရှယ်မိုက်ပြီး အသုံးပြုရလွယ်ကူတဲ့CSS Animation Library (၇) ခုကိုတင်ပေးလိုက်ပါတယ်ဗျ ။

avator

CODE HUB

Posted Oct 31, 2022

Resources CSS
Top 7 CSS Animation Libraries

Animate CSS

animate.style

Admin ရဲ့ Favourite library လေး တစ်ခုပါ။ အသုံးပြူရလွယ်ကူပြီး user attention ‌အတွက် Animation တွေ တော်တော်စုံလင်တဲ့ Website တစ်ခုပါ ။

Whirl

whirl.app

Admin ရဲ့ ဥထားတဲ့ favourite loading animation website တစ်ခုပါ ။ သူကတော့ CSS Loading Animation အလန်းစားတွေရှိတဲ့ Website တစ်ခုဖြစ်ပြီး Admin စသိတုန်းကဆို Animation 106 ခုပဲ ရှိပြီး ခုတော့ Animation 108 ခု ဖြစ်နေပြီမို့ နောက်ထပ် Animation တွေ တိုးလာဖို့လဲရှိမယ်ထင်ပါတယ် ။

Wicked CSS

kristofferandreasen.github.io

သူကလဲ Animate CSS လို Animation Libraryတစ်ခုပါပဲ ဒါပေမဲ့ တစ်ချို့ Animation တွေက Animate CSS ထက်မိုက်တာမို့ ဒါလေးကိုလဲစမ်းကြည့်သင့်ပါတယ်ဗျ ။

Magic Effects

www.minimamente.com Animate CSS ကိုလဲ မကြိုက်ဘူး Wicked CSS ကိုလဲ မကြိုက်သေးဘူးဆိုရင်တော့ Try ကြည့်သင့်တဲ့ ကောင်လေးပါ ။

Animista

animista.net အပေါ်က Animation တွေ တစ်ခုမှ အကြိုက်မတွေ့သေးဘူး Animation တွေကို ကိုယ်တိုင် Customize လုပ်ချင်သေးတယ်ဆိုရင်တော့ ဒီ Website လေးက ရှယ်အသုံး၀င်ပါလိမ့်မယ်။

Hamburgers ( not food )

jonsuh.com

စားရတဲ့ Hamburgers တွေ မဟုတ်ပါဘူး Mobile Nav bar တွေမှာတွေ့ရတဲ့ Nav toggler လေးကို ပြောတာပါ ။ Toggle Button ကို Animation လေးတွေနဲ့ အသုံးပြုချင်ရင် စမ်းကြည့်သင့်တဲ့ Website လေးပါ။

Need help? Email support@codehubmm.com

Copyright © 2023 CODE HUB