homeblogsAn Overview of TypeScript

An Overview of TypeScript

TypeScript ဆိုတာ ဘာကြီးလဲ။ ဘာလုပ်ဖို့ သုံးတာလဲ။ သိထားဖို့ရောလိုလား။

avator

CODE HUB

Posted Feb 4, 2024

TypeScript JavaScript
An Overview of TypeScript

TypeScript ဆိုတာ ဘာလဲ။ ဘာလုပ်ဖို့ သုံးတာလဲ။ သိထားဖို့ရောလိုလား။ ဒါမျိုးအတွေးတွေကို Web Development လေ့လာနေတဲ့သူတိုင်းနီးပါးတွေးဖူးကြမယ်ထင်ပါတယ်။ သိထားသင့်လား လေ့လာသင့်လားဆိုရင်တော့ 100% သိထားသင့်ပါတယ်။ လေ့လာသင့်ပါတယ်။

TypeScript ဆိုတာက ဘာလဲ။

TypeScript ဆိုတာကို တစ်ချို့က ရှုပ်”ထွေး” တွေ ထင်နေကြပေမဲ့ တကယ်တော့ TypeScript ဆိုတာက JavaScript ကို ပိုပြီးရေးလို့ကောင်းအောင်လုပ်ပေးတဲ့ သဘောပါပဲ။ JavaScript ကိုပဲ type check system တစ်ခု ထပ်ပေါင်းပေးထားတာမို့ ကျွန်တော်တို့ JavaScript မှာ သိခဲ့ဖူးတဲ့ အရာ အကုန်လုံးက TypeScript မှာ ပြန်ပြီးအသုံးပြုလို့‌ရနေမှာပဲဖြစ်ပါတယ်။

ဘာလုပ်ဖို့သိထားသင့်တာလဲ။

  • Typescript ကို သိထားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ development အတွင်းမှာ type error တွေကို debug လုပ်ရတာ အရင်ကထက်ပိုပြီး လွယ်ကူ မြန်ဆန်စေမှာ ဖြစ်ပါတယ်။

  • နောက်တစ်ခုအနေနဲ့ကတော့ သူမှာပါတဲ့ type annotation ကို သုံးပြီးတော့ ပိုပြီး နားလည်ရလွယ်ကူတဲ့ analyze လုပ်နိုင်တဲ့ code တွေကို ရေးသားနိုင်မှာဖြစ်ပါတယ်။

  • နောက်ထပ်အနေနဲ့ကတော့ editor ကနေပြီး ရမဲ့ suggestions တွေက ပိုပြီးတိတိကျကျဖြစ်လာမှာ ဖြစ်ပါတယ်။ အရင်ကထက်လဲ Suggestions ပိုကောင်းလာမှာပါ။

ဘယ်လိုအလုပ်လုပ်လဲ။

ကျွန်တော်တို့က TypeScript ကိုရေးနေမှာ ဆိုပေမဲ့ run တဲ့အချိန်ကျရင်တော့ compiler ကနေပြီး သာမန် JavaScript code တွေကို ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ ပြောင်းလဲလိုက်တဲ့ JavaScript code‌ ကိုတော့နားမလည်ဖြစ်နိုင်ပေမဲ့ တကယ်တော့ ရိုးရိုး JavaScript code တွေကိုပဲ ပြန်ရမှာ ဖြစ်ပြီး Browser ကနေ compile လုပ်ပြီးသား JavaScript code တွေကိုပဲ run ပေးမှာဖြစ်ပါတယ်။ browser က ကျွန်တော်တို့ ရေးထားတဲ့ TypeScript code တွေကို စိတ်ကို မ၀င်စားဝာာပါ။ ဆိုတော့ကျွန်တော်တို့က TypeScript code တွေကို ရေးနေပေမဲ့ နောက်ဆုံးတစ်ကယ်တန်းအလုပ်လုပ်ပေးပြီး အသုံးပြုမှာကတော့ JavaScript Code တွေပဲဖြစ်ပါတယ်။

ဘယ်လိုနေရာတွေမှာ သုံးလဲ။

အကြမ်းဖျင်းကတော့ medium scale project လောက်ကနေပြီး စသုံးကြတာများတယ်။ အဓိကအားဖြင့် code တွေကို analyze လုပ်ရလွယ်ဖို့ နဲ့ development time မှာ type error နည်းနိုင်သမျှ နည်းချင်လို့ သုံးတယ်။ဆိုတော့အနှစ်ချုပ်ရမယ်ဆိုရင် TypeScript ဆိုတာ JavaScript ကိုပိုပြီး ရေးရကောင်းအောင် type check system ကိုပေါင်းထည့်ပေးထားရုံပါပဲ။ သူက development အချိန်အတွင်းမှာပဲ သုံးပြီးရေးတယ်။ တကယ်တန်း အလုပ်လုပ်မယ်ဆိုရင်တော့ compiler ကနေ compile လုပ်ပေးထားတဲ့ JavaScript ကိုပဲ သုံးတယ်။ အလွယ်ပြောရမယ်ဆိုရင် TypeScript ဆိုတာက ကျွန်တော်တို့ code‌ ရေး development လုပ်နေချိန်မှာ type error တွေနည်းအောင် ဘေးကနေ စောင့်ကြည့်ပြီး အကြုံပြုပေး ကူညီပေးမဲ့ သူတစ်ယောက်နဲ့ အတူတူပါပဲ။


type error ဆိုတာက ကျွန်တော်တို့ variable တွေ ဒါမှမဟုတ် parameter တွေကနေ လက်ခံရရှိမဲ့ data type တွေက ကျွန်တော်တို့ လိုချင်တဲ့ data type မဟုတ်ဘဲ တခြား data type တစ်ခုကို မှားယွင်းထည့်သွင်းမိတာမျိုးကို ဆိုလိုပါတယ်။

// getResult function
function getResult(a, b) {
  const result = a + b;
  console.log(result);
}

// number data type passing
getResult(10, 1);
// log result -> 11 ✔

// string data type passing
getResult("10", "1");
// log result -> 101 ❌

ဒီမှာဆိုရင် getResult ဆိုတဲ့ function မှာ parameter a နဲ့ parameter b ဆိုပြီး နှစ်ခုရှိပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့က number data type ကို passing ပေးလိုက်မယ်ဆိုရင် 10 + 1 = 11 ဆိုပြီး ရရှိလာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အကယ်၍သာ string data type ကို passing လုပ်မိလိုက်မယ်ဆိုရင်တော့ “10” + “1” = “101” ဆိုပြီး ပေါက်ကရ အဖြေထွက်လာမှာ ဖြစ်ပါတယ်။ ဒါကတော့ ဒီလို function အသေးလေးတစ်ခုမှာတောင် type မှားသွားရင် တလွဲတွေ ဖြစ်တတ်တာမို့ ကျွန်တော်တို့ project တွေကြီးလာတဲ့ အခါမှာ ဒီလို type error တွေမဖြစ်စေဖို့ TypeScript ကို သုံးကိုသုံးသင့်ပါတယ်။


Typescript crash course ကို ကျွန်တော်တို့ရဲ့ YouTube channel မှာ အခမဲ့လေ့လာနိုင်ပါတယ်ဗျ။

သင်ခန်းစာကြည့်ရှုရန်

ကျွန်တော်တို့ရဲ့ Post တွေကို နှစ်သက်တယ်ဆိုရင် Like & Share လေးတွေ ပေးခဲ့နိုင်ပါတယ်ဗျ။

CodeHub မှ စာသားများနဲ့ပုံများကို မည်သည့်နေရာတွင်မှ ကူးယူဖော်ပြခွင့် မပြုပါ ။

တစ်စုံတစ်ရာ အကြုံပြုလိုပါက support@codehubmm.com မှဖြစ်စေ

Facebook Page Messenger မှဖြစ်စေ အကြံပြုရေးသားနိုင်ပါသည် ။

Need help? Email support@codehubmm.com

Copyright © 2023 CODE HUB