homeblogsHow to become a Good Developer

How to become a Good Developer

သင့်ကို Developer ကောင်းဖြစ်လာစေမဲ့အလေ့အကျင့်ကောင်း 10 ခု

avator

CODE HUB

Posted Apr 5, 2023

Tips Habbit
How to become a Good Developer

Code Daily

နေ့စဉ် Coding ပြုလုပ်ပါ။ သင်ဟာ Developer တစ်ယောက်ဖြစ်ဖို့ လေ့လာနေတဲ့သူ တစ်ယောက်ဆို နေ့တိုင်း Coding ပြုလုပ်သင့်ပါတယ်။ Coding ပြုလုပ်ချင်းဖြင့် Syntax Structure တွေပိုသိပြီး Code Editor နဲ့ပိုပြီး အကျွမ်း၀င်လာစေမှာပါ။

Learn from others

တစ်ခြားသူတွေဆီကနေ သင်ယူပါ။ သင်ယူရတာဟာ ရှက်စရာမဟုတ်ပါဘူး။ သင်ဟာ ဘယ်လောက်ပဲ ကျွမ်းကျင်နေပါစေ အရာရာကိုသိရှိဖို့တော့မဖြစ်နိုင်ပါဘူး ဒါကြောင့် တခြား စီနီယာတွေ တတ်ကျွမ်းတဲ့သူတွေဆီကနေသင်ယူပါ။

Teach others

ကိုယ့်ကပဲ တော်နေလို့ မဖြစ်ပါဘူး ကိုယ့်လောက် လေ့လာတာ မကြာသေးတဲ့သူတွေကို ကိုယ်သိထားတာတွေကို ပြန်သင်ပေးပါ။ Sharing လုပ်ပေးပါ ကိုယ်သင်ခဲ့ဖူးတာတွေကို ပိုမို မှတ်မိလာစေမှာပါ။

Take Notes

Note ရေးဖို့ မပျင်းပါနဲ့။ ဒီနေရာမှာအကြံပေးချင်တာက Online Note App တွေကို ပိုသုံးသင့်ပါတယ်။ ဥပမာ Google Docs,Note သူတို့က Online ဖြစ်နေတာကြောင့် တခြားသူတွေကို Sharing လုပ်ရတာ ပိုလွယ်ကူသလို စာအုပ်ထက် ဖုန်းပဲ အကြည့်များနေတဲ့ ကျွန်တော်တို့အတွက် ပြန်ကြည့်ဖို့ လွယ်ကူစေမှာပါ။

Make Project

Project တွေရေးပါ။ ဘာ project ဖြစ်ဖြစ်စိတ်ကူးထဲရှိတာကိုသာ ရေးပါ။ idea ပဲရှိပြီး မရေးတတ်သေးရင် YouTube လိုနေရာမှာ Tutorial တွေလိုက်ရှာပါ လိုက်ရေးကြည့်ပါ။ Project များများရေးဖူးတာကြောင့် Frontend မှာဆို UI/UX တွေ့ကို ပိုသိလာပြီး Backend မှာဆိုလဲ Database Connection , Security , Optimization တွေအကြောင်းပိုသိလာမှာပါ

Use GitHub for memorize code

ရေးပြီးသား Code တွေကို ကိုယ့်စက်ထဲမှာပဲ မသိမ်းထားပါနဲ့ နေရာပေးရသလို reference ပြန်ကြည့်ချင်တဲ့အခါမှာလဲ ရှာရတာ လက်ပေါက်ကပ်ပါတယ်။ GitHub ပေါ်တင်တဲ့အခါမှာလဲ reference လုပ်ရတဲ့အခါ လွယ်အောင် Readme ကိုသေသေချာချာ ရေးသားထားသင့်ပါတယ်။

Make plan

ပလန်ချပြီး လေ့လာပါ ငါဒီနေ့ ဘာကို ပြီးအောင်လုပ်မယ် ဘယ်ဟာကိုလေ့လာမယ်ဆိုတာမျိုးကြိုတင်ပြုလုပ်ထားသင့်ပါတယ် ကြုံရာလေ့လာတာက သင့်ပန်းတိုင်းကို ရောက်ဖို့နှောင့်နှေးစေပါတယ်။

Be active in teach community

Community တွေထဲမှာ ပျော်ပျော်နေပါ အမြဲလေ့လာနေပါပျော်ပျော်နေပါဆိုပြီး ပွဲရှာလိုက် ပွဲကြည့်လိုက် လုပ်ခိုင်းတာမဟုတ်ပါဘူး ဝါသနာတူ သူငယ်ချင်းတွေရှာပြီး အတူတူလေ့လာပါ ကိုယ့်ထက်အတွေ့အကြုံပိုရှိတဲ့ စီနီယာတွေဆီကနေ သိချင်တာ မေးမြန်းပါ ကိုယ်သိတာကို သူများက မသိရင်ပြန်ရှင်းပြပေးပါ။

Read books & Docs

စာများများဖတ်ပါ။ သက်ဆိုင်ရာ programming language စာအုပ်တွေနဲ့ သက်ဆိုင်ရာ Framework, Library တွေရဲ့ Documentation တွေကို ဖတ်ကြည့်သင့်ပါတယ်။ ကိုယ်မသိတာတွေ အများကြီးရှိသေးတာကို မြင်လာရမှာပါ။

Be Curious

စပ်စုပါ။ စူးစမ်းပါ။ သိချင်ပါ။ တစ်ခုခုရဲ့ အလုပ်လုပ်ပုံ သိချင်တာဖြစ်ဖြစ် Error ဖြစ်တာပဲ ဖြစ်ဖြစ် နောက်မှရှင်းလိုက်မယ် နောက်မှ ရှာလိုက်မယ်ဆိုတာထက် ဘာကြောင့်ဖြစ်လဲ ဆိုတာ ရှာဖွေပါ Research လုပ်ပါ။ လေ့လာပါ။

ဒီအချက်တွေကိုသာ လိုက်နာပြီး လုပ်နေတဲ့တစ်ယောက်ဆိုကိုယ့်ရဲ့ IQ ပေါ်မူတည်ပြီး အချိန်တစ်ခုကြာတဲ့အခါ နေရာတစ်ခု ဒါမှမဟုတ် ရည်ရွယ်ထားတဲ့ ပန်းတိုင်ကို ရောက်ရှိကြမှာပါ။ ဖတ်ရှုသူအားလုံး Developer ကောင်းများဖြစ်ကြပါစေ။

Need help? Email support@codehubmm.com

Copyright © 2023 CODE HUB